အင်္ဂပူ ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ စိုက်ပျိုးစရိတ်ပံ့ပိုးငွေများ ပေးအပ်လျက်ရှိရာ အင်္ဂပူမြို့နယ်၊ ထူးဝကျေးရွာ၊ ထူးဝစိုက်ပျိုးရေးနှင့် အထွေအထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ၁၅ ဦးအား တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် မိုးစပါးစိုက်ဧက ၅၀ အတွက် ပံ့ပိုးငွေကျပ်သိန်း ၁၀၀ သိန်းနှင့် အုတ်တွင်းကျေးရွာ၊ အောင်မြင်ဖြိုး စိုက်ပျိုးရေးနှင့် အထွေအထွသမဝါယမအသင်းမှ အသင်းသားတောင်သူ ၆၀ ဦးအား တစ်ဧကလျှင် ငွေကျပ် ၂ သိန်း နှုန်းဖြင့် မိုးစပါးစိုက်ဧက ၂၀၀ အတွက် ပံ့ပိုးငွေကျပ်သိန်း ၄၀၀ အား ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။