ညောင်ဦး ဩဂုတ် ၁၃
မန္တလေးတိုင်းဒသကြီး၊ ညောင်ဦးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ် ၁၂ ရက်က အဆိုပါမြို့နယ်သမဝါယမ အသင်းစုအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဌေးက အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိတို့က သမဝါယမကဏ္ဍမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်းအား အသင်းစာရင်းစစ်မှ အစီရင်ခံစာများ၊ ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားရာ တက်ရောက်လာသည့် အသင်းဝင်းကိုယ်စားလှယ်များထံမှ သဘာပတိမှ အတည်ပြုချက်ရယူခဲ့ပြီး အသင်းဝင်(၂၅၀)သင်းအား အစုပေါ်ပေးငွေ ကျပ်(၂၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်