Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာရှောင်လမ်း ကျောက်အခြေခံလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


15 Aug,2024

မြို့သစ် ဩဂုတ် ၁၄

         မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လေးတိုင်စင် ကျေးရွာရှောင်လမ်း ကျောက်အခြေခံလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ဩဂုတ်လ၁၄ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးဆလိုင်း နေအောင်ဆန်းနှင့် တာဝန်ရှိသူများက လေးတိုင်စင်ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကျေးရွာရှောင်လမ်း အရှည် ၇ ဒသမ ၈၈ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မရှိ ကျောက်အခြေခံလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာချုပ်က လုပ်ငန်းတာဝန်ခံအား သတ်မှတ် အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် ပြောကြားသည်။

      မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရခွင့်ပြုငွေ ငွေကျပ် ၁၀၅ ဒသမ ၃၉၅ သန်းဖြင့် လေးတိုင်စင်ကျေးရွာရှောင်လမ်း ကျောက်အခြေခံလွှာခင်းခြင်းလုပ်ငန်းကို ဇူလိုင်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။                                                     

ငယ်လေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm