Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင် ရေး Level Survey တိုင်းတာခြင်းသင်တန်းဖွင့်ပွဲကျင်းပ


14 Aug,2024

ထားဝယ်မြို့၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင် ရေး Level Survey တိုင်းတာခြင်းသင်တန်းဖွင့်ပွဲကျင်းပ
 
ထားဝယ် ဩဂုတ် ၁၄ ရက်
 

တနင်္သာရီတိုင်းဒေသကြီးကျေးလက်‌ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင် ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရန်ရည်ရွယ် ၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Level Survey တိုင်းတာခြင်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်က သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချပေးမည့် သင်တန်းခန်းစာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူရန်နှင့် လက်တွေ့လုပ်ငန်းခွင်
တွင် အကျိုးရှိစွာ ပြန်လည်အသုံးချကြစေလိုကြောင်း ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးကျေး လက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်အေးက သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ သင်တန်း၌ သင်ကြားပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားပြီး
တက်ရောက်လာကြသော သင်တန်းသားသင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
 

အဆိုပါသင်တန်းသို့ တနင်္သာရီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊မြို့နယ်များမှ ဝန်ထမ်း စုစုပေါင်း ၁၇ ဦးတက်ရောက်ကြပြီး သင်တန်းတွင် Level Survey တိုင်းတာနည်းသင်ခန်းစာများကို ကျွမ်းကျင်နည်းပြဆရာများက ၅ ရက် ကြာ စာတွေ့၊လက်တွေ့ ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm