Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ်၌ မြစ်ရေကျော်မှုကြောင့် ကျေးလက်လမ်းထိခိုက်ပျက်စီးမှုအား ကြည့်ရှုစစ်ဆေး


14 Aug,2024

ရန်ကုန် ဩဂုတ် ၁၃

         ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နေ့လယ်ပိုင်းက တိုက်ကြီးမြို့နယ် တော်ခရမ်းကျေးရွာအုပ်စုအတွင်းရှိ ဥတို-အဖျောက်လမ်းမကြီးမှ ပြည်တော်အေးကျေးရွာအဝင် ကွန်ကရစ်လမ်းပျက်စီးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

         ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးသည်းထန်စွာရွာသွန်း၍ လှိုင်မြစ်ရေများ ကွန်ကရစ်လမ်းပေါ်သို့ ကျော်တက်မှုဖြစ်ပွားခဲ့ပြီး ပြည်တော်အေးကျေးရွာအဝင်လမ်းမိုင်တိုင်(၀/၂)ရှိ Box Culvert ချဉ်းကပ်လမ်းနှစ်ဖက်နှင့် မိုင်တိုင်(၀/၅) Box Culvert ချဉ်းကပ်လမ်းနှစ်ဖက်တို့ပျက်စီးခဲ့မှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်ဇော်နှင့် တာဝန်ရှိသူ များက လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးယာယီဆောင်ရွက်ထားရှိမှုနှင့် ပေ ၉၀ နှင့် ပေ ၃၀ဘေလီတံတား နှစ်စင်းတည်ဆောက်မည့်အခြေအနေ၊ လမ်းပခုံးများပျက်စီးခြင်းများနှင့် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များမှာကြားသည်။

     ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီး-အဖျောက်ကားလမ်း မိုင်တိုင်အမှတ် (၁၀/၁)မှ(၁၀/၂)အတွင်းရှိ တံတားအမှတ်(၂/၁၁)၏ ချဉ်းကပ်လမ်း တာပေါင်ဘယ်/ညာ ပြိုကျပျက်စီးမှုအား လမ်းဦးစီးဌာန တံတားအထူးအဖွဲ့(၁၁)နှင့် ခရိုင်လမ်းဦးစီးဌာနဝန်ထမ်းများက ပြန်လည်တည်ဆောက်ပြုပြင်ပြီးစီးမှု အခြေအနေကို  ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ရေများ ကျဆင်းပြီးဖြစ်၍ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်တင်ပြပေးကြရန် မှာကြားကြောင်း သိရသည်။                    

ဝန်းရံခ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm