Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွန်ဟိန်းမြို့၌ ၀န်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


13 Aug,2024

ကွန်ဟိန်း ဩဂုတ် ၁၂

ဝန်ထမ်းများ၏ လူနေမှုဘဝအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန် ခရိုင်၊ ကွန်ဟိန်းမြို့နယ်ရှိ ၀န်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ် ၁၁ ရက်က နမ့်ပန် ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းဥက္ကဋ္ဌ ဒေါ်သောင်းသောင်းအေး က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းမင်းထွန်းက သမဝါယမလုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ အသင်းသား စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများအား တာဝန်ရှိသူများက ရှင်းလင်း တင်ပြပြီး အစီရင်ခံစာတို့အပေါ် အသင်းသားများ၏ ဆန္ဒများရယူကာ အတည်ပြုကြေညာခြင်း၊ အစုပေါ်အမြတ်/ စုဆောင်းပေါ်အတိုးများအား ထုတ်ပေးခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm