ဟင်္သာတ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်သမဝါယမအသင်းစုလီမိတက် ၂၀၂၃_၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဩဂုတ်လ ၉ ရက်က အဆိုပါအသင်းစုလီမိတက်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ အစည်းအဝေးသို့ အခြေခံ သမဝါယမအသင်းများ၏ ဥက္ကဋ္ဌ၊ ဒါရိုက်တာ၊ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း ၁၈၈ ဦးတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် သဘာပတိအဖြစ် အသင်းစုဥက္ကဋ္ဌ ဦးသန်းလှိုင်က ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးကလည်းကောင်း၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်အေးတို့က အသီးသီးအမှာစကားများပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ ၂၀၂၃_၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ရှင်းတမ်းနှင့် အသင်းစာရင်းစစ်အစီရင်ခံစာတို့အား တာဝန်ရှိသူများက အသီးသီးဖတ်ကြားတင်ပြခဲ့ပြီး လစ်လပ်လျက်ရှိသောအမှုဆောင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးနေရာ အား အခြေခံသမဝါယမအသင်းသားများက အများဆန္ဒဖြင့် အစားထိုးရွေးချယ်တင်မြှောက်ခဲ့ ကြသည်။ ထို့နောက် သဘာပတိ ဦးဆောင်၍ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အကျိုးငွေခွဲဝေပေးခြင်းတို့အား တက်ရောက်လာကြ သော အသင်းသားများထံမှ အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။