Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘဏ္ဍာရေးစည်းမျဉ်းနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၄)သင်တန်းဖွင့်ပွဲကျင်းပ


12 Aug,2024

ဘဏ္ဍာရေးစည်းမျဉ်းနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၄)သင်တန်းဖွင့်ပွဲကျင်းပ

▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် ဩဂုတ် ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘဏ္ဍာရေးစည်းမျဉ်းနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ်(၂/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း ၉:၃၀နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားရာ “ယခုဖွင့်လှစ်တဲ့ ဘဏ္ဍာရေးစည်းမျဉ်းနှင့် ငွေစာရင်းထိန်းသိမ်းနည်း သင်တန်း ဖွင့်လစ်ရခြင်းမှာ ဘတ်ဂျက်လျားထားမှုအခြေအနေ၊ ဘဏ္ဍာရေးဆိုင်ရာစာရင်းဇယားများ၊ ဦးစီးဌာနစာရင်းများအား ကွန်ပျူတာဖြင့် စာရင်းရေးသွင်းတတ်စေရန်၊ ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စာရင်းများ ရေးသွင်းတတ်စေရန်၊ “ဌစ”စာရင်းများ ရေးဆွဲတတ်စေရန်၊ မိမိတို့ရဲ့လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရာမှာ ယခင်ကထက် ပိုမိုထိရောက် လျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်စေရန်၊ စာရင်းစစ် အကြံပြုအပိုဒ်များလျော့နည်းစေရန်၊ ဦးစီးဌာန၏ ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်စေရန်နှင့် ဝန်ထမ်းများ၏ အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူဝန်ထမ်းများအနေဖြင့် သင်တန်းမှ သင်ကြားပေးသော သင်ခန်းစာများကို အထူးအလေးပေး လေ့လာသင်ယူပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိအောင်အသုံးချရင်း နိုင်ငံတော်အတွက် လိုအပ်သော စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် အစွမ်းကုန် ကြိုးစားလေ့လာ သင်ယူသွားကြရန်” ပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၃၆)ဦးနှင့် ကျေးလက်ဦးစီးဌာန(ရုံးချုပ်)မှ သင်တန်းသား/သူ (၄)ဦး စုစုပေါင်း (၄၀)ဦးတက်ရောက်ကြပြီး၊ သင်တန်းကာလမှာ ၁၂-၈-၂၀၂၄ရက်နေ့မှ ၁၅-၈-၂၀၂၄ရက်နေ့ထိ( ၄ )ရက်ကြာ စာတွေ့လက်တွေ့ ဖြင့် သင်ကြားပို့ချ‌ပေးမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm