Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မအူပင်မြို့နယ် ထနီဒေါင့်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုစစ်ဆေး


12 Aug,2024

မအူပင်မြို့နယ် ထနီဒေါင့်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုစစ်ဆေး

မအူပင် ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝါးတောကျေးရွာအုပ်စု၊ ထနီဒေါင့်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းတာဝန်ခံများနှင့်အတူ ထနီဒေါင့်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာစီမံကိန်း ကော်မတီဝင် များအနေဖြင့် မိမိတို့ နေ့စဉ်အသုံးပြု သွားလာရမည့်လမ်းဖြစ်ပြီး လမ်းအရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးစေရေး၊   သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်နိုင်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်သွားရန်    ဆွေးနွေးမှာကြားသည်။

ကျေးရွာတွင်းလမ်းအရှည် ၈၄၅ပေ၊ အကျယ် ခုနှစ်ပေ၊ အမြင့် ခုနှစ်လက်မထု ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို (VDP)စီမံကိန်းရန်ပုံငွေေကျပ် ၁၅၀ သိန်း ရင်းနှီးမြှုပ်နှံပြီး၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် ၃၀သိန်း စုစုပေါင်း ငွေကျပ် ၁၈၀သိန်းဖြင့် မြို့နယ်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၊ အင်ဂျင်နီယာဝန်ထမ်းများ၏ ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ဇူလိုင်လစတုတ္ထအပတ်မှ  စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ပြည်သူလူထုကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကိုဖော်ထုတ်ပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးရေး အစီအစဉ်များကို စနစ်တကျစုပေါင်းကာ ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ် ရေးဆွဲခြင်းဖြစ်သည့် VDPစီမံကိန်းကို မအူပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ရှစ်ရွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုကျေးရွာများရှိ ကျေးလက်နေပြည်သူတို့၏ စွမ်းဆောင်ရည်မြှင့်တက်ခြင်း၊ နည်းပညာများ ရရှိခြင်း၊ လု်ပငန်းအပေါ်စီမံနိုင်မှုများ၊စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓါတ်များ ယခင်ကထက် ဖွံ့ဖြိုးတိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း မအူပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးထံမှ သိရသည်။

 

ကိုလှိုင်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm