Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုဓာတ်မြေသြဇာများ ဖြန့်ဖြူးပေးအပ်


13 Aug,2024

ကျောက်တံခါး  ဩဂုတ်  ၁၂

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး စိုက်ပျိုးသည့် သမဝါယမအသင်းများသို့ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် သွင်းအားစု ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေးအပ်လျက်ရှိရာ ကွင်းမြောက်ရပ်ကွက်၊ ကန်သာယာ စိုက်ပျိုးရေး နှင့် မွေးမြူရေးသမဝါယမအသင်းမှ အသင်းသား ၁၇ ဦး၏  လယ်ယာမြေ ၁၂၃ ဧကအတွက် တန်ဖိုးငွေကျပ် ၂၄.၆ သန်း၊ ညောင်ပင်သာကျေးရွာ၊ ရွှေညောင်ပင် စိုက်ပျိုးရေးနှင့် အထွေအထွေ သမဝါယမအသင်းမှ အသင်းသား ၅၄ ဦး၏ လယ်ယာမြေ ၃၆၀ ဧကအတွက် တန်ဖိုးငွေကျပ် ၇၂ သန်း၊ လက်ပံခင်းကျေးရွာ လက်ပံခင်းစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသား ၂၀ ဦး၏ လယ်ယာမြေ ၁၉၀ ဧကအတွက် တန်ဖိုးငွေကျပ် ၃၈ သန်း၊   မင်းတန်းကျေးရွာ မင်းတန်း စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသား ၇၅ ဦး၏ လယ်ယာမြေ ၅၁၀ ဧက အတွက် တန်ဖိုးငွေကျပ် ၁၀၂ သန်း၊ ခင်ကြီးကျေးရွာ ခင်ကြီးရှမ်းစုစိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်းမှ အသင်းသား ၃၆ ဦး၏ လယ်ယာမြေ ၁၉၄ ဧကအတွက် တန်ဖိုးငွေကျပ် ၃၈.၈ သန်း၊ ဗျိုင်းကွင်းကျေးရွာ ရွှေဗျိုင်းစိုက်ပျိုးရေးအထွေအထွေသမဝါယမအသင်းမှ အသင်း သား ၂၅ ဦး၏ လယ်ယာမြေ ၂၂၃ ဧက အတွက် တန်ဖိုးငွေကျပ် ၄၄.၆ သန်း၊ စုစုပေါင်း အသင်းသား ၂၂၇ ဦး၏ စိုက်ဧက ၁၆၀၀ အတွက် တန်ဖိုးငွေကျပ် ၃၂၀ သန်းနှင့်ညီမျှသော သွင်းအားစုများကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အသင်းသား များလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရ သည်။a


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm