Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံပညာကျောင်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


13 Aug,2024

ဗိုလ်တထောင် ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ ကျောင်းများငွေစု ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဩဂုတ်လ ၁၁ ရက်က ဗိုလ်တထောင်မြို့နယ် အမှတ်(၄)အခြေခံမူလတန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် သဘာပတိ ဦးတင်အောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဉာဏ်သိန်းအောင်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဦးစီးအရာရှိ ဒေါ်စန်းစန်းအေး က သမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့ပြီး အသင်းအမှုဆောင်အဖွဲ့က အသင်း၏ လုပ်ငန်းအ​ခြေအနေများကို  အသင်းသားများသို့ ရှင်းလင်း၍ သဘောတူညီချက်ရယူခဲ့သည်။

ထို့နောက်အသင်းသား ၂၅၂ ဦးအား ယခုဘဏ္ဍာနှစ်တွင် အသင်းသားလက်ဆောင်များပေး ခြင်း၊ စုဆောင်းငွေအပေါ်အတိုးများပေးခြင်းနှင့် ပညာရေးထောက်ပံ့ငွေများ ပေးအပ်နိုင်ခဲ့ခြင်း၊ အသင်းသားများ၏ သား/သမီးများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်သူများကိုလည်း ပညာရည်ချွန်ဆုများပေးအပ်ခဲ့ပြီး ယခုနှစ်တွင်အသင်းသားများအား ပေးအပ်ငွေစုစုပေါင်း မှာ ၁၄၇ ဒသမ ၉၄၁၂၃ သိန်းကို ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ခင်ဝင်း(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm