Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ် ယင်းမချောင်းကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး


09 Aug,2024

ရေနံချောင်းမြို့နယ် ယင်းမချောင်းကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး

*************************************************************************************

ရေနံချောင်း    ဩဂုတ်    ၉

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ရုံးကုန်းကျေးရွာအုပ်စု၊ ယင်းမချောင်းကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်နှင့် တာဝန်ရှိသူများက   ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ ယင်းမချောင်းကျေးရွာ၌ 7.6KW ရှိသော ဆိုလာနစ်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေ၊ အရှည်ပေ ၁၂၀၀ ရှိသော ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင် ဦးစီးမှူးက ကျေးရွာကော်မတီဝင်များ၊ တင်ဒါရကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သတ်မှတ် ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ယင်းမချောင်းကျေးရွာ၌ အဆိုပါ ဆိုလာစနစ်သုံးရေရရှိရေးလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေကျပ် ၂၄ ဒသမ ၁၅၁သန်းအသုံးပြုပြီး ဇေယျာစွမ်းထက်ကုမ္ပဏီက တာဝန်ယူ၍ မေ ၁၆ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၉၀ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပါက ယင်းမချောင်း ကျေးရွာရှိ အိမ်ခြေ ၁၂၁အိမ်၊ လူဦးရေ ၆၈၄ဦးနှင့် ကျွဲ၊ နွား၊ တိရိစ္ဆာန်များပါ သန့်ရှင်းသော သောက်သုံးရေကို ရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်ထံမှ သိရသည်၊၊


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm