Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် အိုင်ကြီးကုန်းကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး


09 Aug,2024

မကွေးမြို့နယ် အိုင်ကြီးကုန်းကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး
******************************
မကွေး       ဩဂုတ်        ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုင်ကြီးကုန်းကျေးရွာကုန်ထုတ်လမ်း ဖောက် လုပ်နေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးမျိုးအောင်၊ မကွေးခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး နှင့် မကွေးမြို့နယ်မှ အင်ဂျင်နီယာဝန်ထမ်းများသည် Dears Brain ကုမ္ပဏီမှတာဝန်ရှိသူများ၊ အိုင်ကြီးကုန်းကျေးရွာ ကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် တစ်မိုင် လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် နှစ်ပေ အခြေခံလွှာကျောက်ရောမြေခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)က ကုမ္ပဏီမှ တာဝန်ရှိသူအား အရည်အသွေးပြည့်မီသော လုပ်ငန်းသုံးပစ္စည်းများဖြင့် သတ်မှတ်အတိုင်း အတာ ဒီဇိုင်းအတိုင်း ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၀၇ ဒသမ ၁၃၆ သန်းဖြင့် အိုင်ကြီးကုန်းကျေးရွာကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းကို Dears Brain ကုမ္ပဏီက တာဝန်ယူ၍ ဇွန်လ ၁၃ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၂၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အိုင်ကြီးကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်ယာစိုက်ခင်းများတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး ဈေးကွက်သို့အချိန်မီတင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm