Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငဖဲမြို့နယ် ဗိုလ်ကုန်း ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ပဉ္စမအကြိမ် ထုတ်ချေး


09 Aug,2024

ငဖဲမြို့နယ်  ဗိုလ်ကုန်း  ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ပဉ္စမအကြိမ် ထုတ်ချေး

ငဖဲ ဩဂုတ် ၉

          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ များ ပဉ္စမအကြိမ် ထုတ်ချေးခြင်းကို ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်း က ပန်းထိမ်းကျေးရွာ အုပ်စု၊ ဗိုလ်ကုန်း ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးပြည့်စုံဟိန်း က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် ဗိုလ်ကုန်း ကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ ၊စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများ လိုအပ်သည့် ငွေကြေးအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေလက်ဥပဒေ၊နည်းဥဒေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ကော်မတီဝင်များထံရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ခဲ့သည်။

          ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ကော်မတီဝင်များက ဗိုလ်ကုန်း ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၁ ဦးထံသို့ ရန်ပုံငွေ  ၂၄၉ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၆ ဦးထံသို့ ရန်ပုံငွေ ၅၉ သိန်း ၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ  ၁၀ ဦးထံသို့ ရန်ပုံငွေ ‌ ၄၀ သိန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်သူ ၃ ဦးထံသို့ ရန်ပုံငွေ ၁၀ သိန်း၊ စုစုပေါင်း အသင်းသူ/သား ၉၀  ဦးထံသို့ ရန်ပုံငွေ ၃၅၈ သိန်း ကို တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်းငဖဲ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဖြိုးပြည့်စုံဟိန်း ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm