Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ်အတွင်း ကျေးရွာချင်းဆက် လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


12 Aug,2024

အောင်လံ ဩဂုတ် ၁၁

             မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကန်နှစ်ဆင့်-ရေနံကြီးလမ်းပေါ်ရှိ ကြေးနီချောင်းကူးတံတားတည်ဆောက်ခြင်း (ပထမပိုင်း) လုပ်ငန်းဆောင်ရွက်နေမှုနှင့်  အောင်လံ-ပြည်ကားလမ်းမှ ကျောက်စွယ်ကျိုး-မြင်းကပိုင်လမ်း မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များကို ဩဂုတ်လ ၁၁ ရက် တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ်(မြို့ပြ)၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် အတူ တာဝန်ရှိ သူများလိုက်ပါပြီး ကန်နှစ်ဆင့်-ရေနံကြီးလမ်းပေါ်ရှိ ကြေးနီချောင်းကူးတံတားတည်ဆောက်ခြင်း(ပထမပိုင်း) လုပ်ငန်းဆောင်ရွက်နေမှုနှင့် အောင်လံ-ပြည်ကားလမ်းမှ ကျောက်စွယ်ကျိုး-မြင်းကပိုင်လမ်း မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

             အဆိုပါ ကန်နှစ်ဆင့်-ရေနံကြီးလမ်းပေါ်ရှိ ကြေးနီချောင်းကူးတံတား အရှည် ပေ ၂၀၀ တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုငွေ ငွေကျပ် ၁၉၂ ဒသမ ၉၇ သန်းဖြင့် Phyo Thiri Kyaw ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီး အောင်လံ-ပြည်ကားလမ်းမှ ကျောက်စွယ်ကျိုး-မြင်းကပိုင်လမ်း အရှည် (၂/၄)မိုင် မြေသားတာပေါင်ချဲ့ပြီး ၈ လက်မ ထု မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုငွေ ငွေကျပ် ၁ဝ၇ ဒသမ ၅ သန်းဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

              အဆိုပါ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက အောင်လံမြို့နယ် အတွင်းရှိ ကျေးရွာခုနစ်ရွာမှ အိမ်ထောင်စုဝင်များ ရာသီမရွေးသွားလာရေးအဆင်ပြေ ချောမွေ့စေမည်ဖြစ်ကြောင်း သိရသည်။

ကိုလှိုင်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm