Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းတနော်မြို့နယ် ကျုံပတောကွန်ကရစ်ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်း တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး


12 Aug,2024

ပုသိမ် သြဂုတ် ၉  

             ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ချောင်းကလေးကျေးရွာအုပ်စု ကျုံပတောကျေးရွာနှင့် အိုးဘိုကျေးရွာ ဆက်သွယ်ထားသည့် အလျား ပေ ၁၈၀ ၊ အနံ ပေ ၂၀ ရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ ယမန်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးသည်။

          အဆိုပါ ကွန်ကရစ်တံတားအား ၂၀၂၄- ၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ယူရွက်လျက်ရှိရာ ယင်းတံတားသစ်အနီးရှိ အလျား ပေ ၁၈၀၊ အနံ ၁၄ ပေရှိ ကွန်ကရစ်တိုင်၊ သံယက်မ၊ သစ်သားခင်းတံတားအမျိုးအစား ချောင်းကူးတံတားဟောင်းသည် မိုးအဆက်မပြတ် ရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ယခုလ ၂ ရက်နေ့တွင် ပြိုကျပျက်စီးခဲ့ရပြီး ကျေးရွာနေပြည်သူများ သွားလာမှု အဆင်ပြေစေရန်အတွက် တံတားသစ်ဆောက်လုပ်ရန်ကျန်သည့် ပေ ၆၀ ခန့်အား ယာယီလီသံပေါင်တံတားတည်ဆောက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

       ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရေလမ်းကြောင်း ကောင်းမွန်စေရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ဗေဒါများ ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေလမ်းကြောင်း ကောင်းမွန်စွာ စီးဆင်းစေရေး တံတားသစ်အား ထိခိုက်မှုမရှိစေရေး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်စေရေး သွားလာမှု အဆင်ပြေစေရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm