Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးစပါးနှင့် ပီလောပီနံစိုက်ပျိုးသည့် သမဝါယမအသင်းများသို့ တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးစရိတ်များ ပံ့ပိုးပေးအပ်


08 Aug,2024

ကျုံပျော် ဩဂုတ် ၈

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးသည့် အင်းမကျေးရွာရှိ သုခဖြိုးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသို့ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် မိုးစပါးစိုက်ဧက ၁၀၀ အတွက် စိုက်ပျိုးစရိတ်ပံ့ပိုးငွေကျပ်သိန်း ၂၀၀ အား ပံ့ပိုးပေးအပ်ခဲ့သည်။

ထို့ပြင် ပီလောပီနံစိုက်ပျိုးသည့် ကျုံပျော်မြို့နယ်၊ ကညင်ဆိုင်ကျေးရွာရှိ ရွှေကညင် စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်း၊ အင်းတရော်ကျေးရွာရှိ ပိုမိုပြည့်စုံစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း၊ လှည်းဆိပ်ကျေးရွာရှိ ရွှေဥဒေါင်းစိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်းများမှ အသင်းသားများသို့ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ပီလောပီနံ စိုက်ဧက ၃၀၀ အတွက် စိုက်ပျိုးစရိတ်ပံ့ပိုးငွေကျပ်သိန်း ၆၀၀ အား ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm