ရေတာရှည် သြဂုတ် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်သမဝါယမဦးစီးဌာနတွင် ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား သဘာပတိ ဦးသန်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က လမ်းညွှန်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွဋ်၊ ရေတာရှည် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သန်းဦးတို့က အမှာစကားများပြောကြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ယာယီကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်စာရင်းရှင်းတမ်း၊ ဘဏ္ဍာရေးရှင်းတမ်းများအား ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ရေတာရှည်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ဒါရိုက်တာအဖွဲ့နှင့် အသင်း စာရင်းစစ်များ ရွေးချယ်ခြင်းနှင့် အတည်ပြုချက်များအား တက်ရောက်လာကြသည့် အသင်းဝင် ကိုယ်စားလှယ်များမှ ရွေးချယ်တင်မြှောက်ကြရာ သဘာပတိ ဦးတင်လတ်မှ ရာထူးခွဲဝေသတ်မှတ်ချက် များနှင့်အညီ အတည်ပြုဆုံးဖြတ်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်