Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သမဝါယမအသင်း အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


24 Jul,2024

လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်  အောင်ငြိမ်းချမ်း ရောင်း၀ယ်ရေး သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင် ၂၂ ရက်က အမှတ်(၄၂) အခြေခံပညာမူလတန်းကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အောင်ငြိမ်းချမ်းရောင်း၀ယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အစည်းအဝေးတွင် အသင်းလီမိတက်ဥက္ကဋ္ဌ ဦးမြသောင်းက အမှာစကားပြောကြားပြီး   အစုပေါ် အမြတ်ငွေများကို အသင်းသားများသို့ ထုတ်ပေးခဲ့သည်။

ဆက်လက်၍ ရွှေလင်ပန်းအသေးစားချေးငွေလုပ်ငန်းသမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် အသင်းဥက္ကဋ္ဌဦးတင့်ဆန်းက အမှာစကားရှင်းလင်း ပြောကြားပြီး အသင်းသားများအား အစု၊ စုဆောင်းပေါ်အမြတ်ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm