Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် ရေလာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း စစ်ဆေး


10 Jul,2024

ချောက်မြို့နယ် ရေလာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း စစ်ဆေး

******************************************************************************
ချောက် ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်


                ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင် နိုင်စေရန်နှင့် အတိုးနှုန်းသက်သာသည့်ငွေကြေးအရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ စွယ်ပေါက္ကံ ကျေးရွာအုပ်စု၊ ရေလာကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက် နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်ပြည့်ဖူးငုံနှင့်ဝန်ထမ်းများက ရေလာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားမှုနှင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်းလိုက်နာ ဆောင်ရွက်ထားမှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးကအရင်းအတိုးငွေ များကို သတ်မှတ်ရက်အတွင်း ပေးသွင်းကြရန် မှာကြားခဲ့သည်၊၊ရေလာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ မတည်ရန်ပုံငွေကျပ်သိန်း ၃၀၀ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာလက်ရှိတွင် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၅၆ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၇၆ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၊ စုစုပေါင်း အသင်းသား၊အသင်းသူ ၁၃၃ ဦးကို ရန်ပုံငွေကျပ်သိန်း ၅၁၀ ထိ ထုတ်ချေးပေးထားကြောင်း ချောက်ခရိုင်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်ထံမှ သိရသည်၊၊


နော်လူး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm