Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးကောင်းနှင့် ပူတာအိုမြို့နယ်သမဝါယမအသင်းစုများ အချင်းချင်းချိတ်ဆက်၍ ဆန်များ ဖြန့်ဖြူးရောင်းချ


25 Jul,2022

ပူတာအို၊ ဇူလိုင် ၂၄

ကချင်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးကောင်းမြို့နယ်၊ ပင်းကျိုင်းကျေးရွာရှိ အောင်ဇမ္ဗူစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းရှိ အသင်းသားပိုင်ဆန်စက်မှ ထွက်ရှိသည့်ဆန်များအား မိုးကောင်းနှင့် ပူတာအိုမြို့နယ်သမဝါယမအသင်းစုတို့အချင်းချင်းချိတ်ဆက်၍ ပူတာအိုမြို့နယ်သမဝါယမအသင်းစု၏ ဒေသထွက်ကုန် စံပြအရောင်းဆိုင်တွင် ရောင်းချရန်အတွက် ဆင်းဧကရီ-၃ ဆန်အိတ် ၄၀ ကိုလည်းကောင်း၊ မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားပြည်သူများ ဝယ်ယူနိုင်ရန်အတွက် ငွေတိုးဆန်အိတ် ၅၀ ကိုလည်းကောင်း ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm