နေပြည်တော် ဇွန် ၇
ယခုဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ကျေးလက်လမ်း ၁၄၉ မိုင်ကျော်နှင့်တံတား၊ ရေပြွန် ၇၄ စင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မဟာဗျူဟာ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ရာသီမရွေး ဆက်သွယ်သွားလာနိုင်သော လမ်းများဖြစ်ပေါ်အသုံးပြုနိုင်ရေးအတွက် အလေးထားစီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နေမှုများအရ ကျေးလက်လမ်း၊ တံတားလုပ်ငန်းကဏ္ဍတွင် ကျေးလက်လမ်း တံတားများတည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျေးလက်လမ်း ၁၄၉ မိုင် နှစ်ဖာလုံကျော်၊ တံတား၊ ရေပြွန် ၇၄ စင်း လျာထားဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာ နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည့် ကျေးလက်လမ်းလုပ်ငန်းများမှာ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်လမ်း၊ အမာခံလမ်း၊ မြေသားလမ်း၊ လမ်းချဲ့သည့် လုပ်ငန်းများဖြစ်ပြီး ကျေးလက်တံတားလုပ်ငန်းများမှာ ကွန်ကရစ်တံတား၊ ကြိုးတံတား၊ ဘေလီတံတား၊ ရေကျော်၊ Box Culvert တည်ဆောက်သည့်လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
ယခုအခါ ယခုဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် တင်ဒါခေါ်ယူရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီဖြစ်ပြီး တင်ဒါလုပ်ငန်းကိစ္စများ ဆောင်ရွက်ပြီးပါက တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
SKL
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်