တွံတေး ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကင်းရွာ-ခရမ်းကြီး- ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်ကျေးရွာ အနောက်ချောင်းစပ်မှ ရွှေမယင်းဒေသ(ကကယာ-၂) သို့ ဆက်သွယ်ထားသော ချောင်းရိုးဘေး တာပေါင်ပေါ်ရှိ တံတား လေးစင်း တည်ဆောက်နေကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကွင်းပေါက်ကျေးရွာ အနောက်ချောင်းစပ်မှ ရွှေမယင်းဒေသ (ကကယာ-၂)သို့ ဆက်သွယ်ထားသော ချောင်းရိုးဘေးတာပေါင်ပေါ်ရှိ တံတား လေးစင်း တည်ဆောက်နေရာတွင် Y မြောင်းမကြီးတံတား အရှည် ၇၁ ပေ၊ အကျယ် ၁၂ ပေ၊ အဘေ စက်တံတားအရှည် ပေ ၆၀၊ အကျယ် ၁၂ ပေ၊ ကုဋေတစ်သန်း တံတားအရှည် ပေ ၁၀၀ ၊ အကျယ် ၁၂ ပေ၊ ကကယာတံတားအရှည် ပေ ၆၀၊ အကျယ် ၁၂ ပေ စသည့် ကင်းရွာ-ခရမ်းကြီး-ခရမ်းဝ- ရေတွင်းကုန်း- ကွင်းပေါက် ချောင်းစပ်မှ ရွှေမယင်းဒေသ (ကကယာ-၂) ကွန်ကရစ် ကုန်ထုတ်လမ်းတွင် အရေးပါသော တံတားလေးစင်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ယူ တည်ဆောက်လျက်ရှိရာ ယခုဆိုလျှင် ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
လွယ်ကူစွာသွားလာနိုင်
အဆိုပါ တံတားလေးစင်း ပြီးစီးသွားပါက ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် ကျေးလက်လမ်း ကွန်ရက်များ အသုံးပြု၍ လွယ်ကူစွာသွားလာ နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်