ကြို့ပင်ကောက် မေ ၂၁
ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စတီး၊ သံပန်း၊ သံဂဟေဆက်သင်တန်း ဆင်းပွဲအခမ်းအနားကို အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်က သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချသော ဘာသာရပ်များကို စနစ်တကျလေ့လာသင်ယူကြရန်နှင့် သင်တန်းပြီးဆုံးပါက လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြစေလိုကြောင်း၊ ကိုယ်တိုင်တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုပါက အရင်းအနှီးများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းကာလ ပြီးမြောက်အောင် တက်ရောက်ခဲ့သည့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပါသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စတီး၊ သံပန်း၊ သံဂဟေဆက်သင်တန်းကို ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ရွာသားကုန်း၊ ဖလံကုန်း၊ ငှက်ကြီးသိုက်၊ လက်ပံပင်စု၊ ဆင်ပိုက် စသည့်ကျေးရွာများမှ သင်တန်းသား(၂၀)ဦးကို ကျွမ်းကျင်နည်းပြနှစ်ဦးက စတီး၊ သံပန်း၊ သံဂဟေဆက်နည်းများကို ၂၀ ရက်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်