ကျောက်ပန်းတောင်း မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ နှင့် ဝန်ထမ်းများသည် မေ ၂၀ ရက်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း Pilot Project လုပ်ငန်းဆောင်ရွက်မည့် သံဘိုရွာသစ်ကျေးရွာသို့သွားရောက်၍ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွား ရေးလုပ်ငန်းသမဝါယမအသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးသွင်းအားစုများ လက်ဝယ်အရောက်ထုတ်ပေးခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်အေးနှင့် ဝန်ထမ်းများသည် သံဘိုရွာသစ် ကျေးရွာရှိ ကျေးရွာတာဝန်ခံ၏ နေအိမ်ဝန်းအတွင်း၌ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံ ရာတွင် မြို့နယ်ဦးစီးအရာရှိက အသင်းသားတောင်သူများအနေဖြင့် စိုက်ပျိုးရေးသွင်းအားစုများ ဖြစ်သည့် မြေဆီမြေဩဇာများကို မိမိတို့ ကြိုက်နှစ်သက်သည့် အမျိုးအစားများကို လွတ်လပ်စွာ ဝယ်ယူခွင့်ပြုခဲ့ပြီးဖြစ်ရာ ယခုဝယ်ယူ ထားသည့်မြေဩဇာများကို လက်ဝယ်အရောက် ပေးအပ် သွားမှာဖြစ်ကြောင်းနှင့် ယခုပေးအပ် သည့်သွင်းအားစုများဖြင့် မိမိတို့စိုက်ပျိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းအစရှိသည့် ဆီထွက်သီးနှံ များကို ဖြစ်ထွန်းအောင်မြင်အောင် ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်ဦးစီးအရာရှိက သမဝါယမအသင်းသားတောင်သူတစ်ဦးချင်းထံသို့ သွင်းအားစုမြေဩဇာအိတ်များ လက်ဝယ်အရောက်ပေးအပ်သည်။ ယနေ့ပေးအပ်သည့် စိုက်ပျိုး ရေးသွင်းအားစုများမှာ တစ်ဦးချင်းစီအတွက် ငွေကျပ်(၂)သိန်းတန်ဖိုးသင့်သည့် စမ်းဝတီသဘာဝ မြေဩဇာ၊ ပုလဲမြေဩဇာ၊ အာမိုအစရှိသည်တို့ပါဝင်ပြီး တောင်သူများအကြိုက်ဝယ်ယူထားရှိပေး ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ Pilot Project လုပ်ငန်းဆောင်ရွက်မည့် သံဘိုရွာသစ် ကျေးရွာသို့ စိုက်ပျိုးရေးနှင့်အထွေထွေ စီးပွားရေးလုပ်ငန်းသမဝါယမအသင်းအနေဖြင့် ယခုကဲ့သို့ သွင်းအားစုများ ထုတ်ပေးခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်းသိရပြီး မြေပဲ၊ နှမ်း စိုက်တောင်သူများအတွက် တစ်ဧကလျှင်(၂)သိန်း ကျပ်နှုန်းဖြင့် ငွေကြေးအစား သွင်းအားစုများ တစ်ပါတည်း ဝယ်ယူပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သွင်းအားစုများ လက်ဝယ်အရောက်ပေးအပ်ရာသို့ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ သံဘိုရွာသစ်ကျေးရွာရှိ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းစုအသင်းသားတောင်သူ (၂၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်