Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဘိလပ်အုတ်ရိုက်နည်းသင်တန်းဆင်း


21 May,2024

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဘိလပ်အုတ်ရိုက်နည်းသင်တန်းဆင်း

တပ်ကုန်း မေ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့်  မိသားစုဝင်များတိုးပွားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဘိလပ်အုတ်ရိုက်နည်းသင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက သင်တန်းဆင်းအမှာစကား ပြောကြားပါသည်။

ဆက်လက်၍ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ‌ဦးဇော်မင်းထွန်းက သင်တန်းသားများအနေဖြင့် သင်တန်းတွင်ပို့ချခဲ့သည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချကြစေလိုကြောင်း၊ မိမိတို့ကိုယ်တိုင် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုပါက အရင်းအနှီးများ ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

ထို့နောက် တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းကာလပြီးမြောက်အောင်တက်ရောက်ခဲ့သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ သင်တန်းသားများအားလုံးကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။

အဆိုပါ သင်တန်းကို တပ်ကုန်းမြို့နယ်အတွင်းရှိ ဇီးကုန်း၊ ရှောက်ကုန်း၊ ဂွေးပင်ကျေးရွာတို့မှ သင်တန်းသား(၁၅)ဦးကို ကျွမ်းကျင်နည်းပြနှစ်ဦးက  ဘိလပ်အုတ်ရိုက်နည်းများကို မေလ ၂ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၂၀ ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း ဥတ္တရကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm