Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ပန်းတောင်း မြို့နယ် ဆယ့်နှစ်ရာသီပင် ကျေးရွာ မြေသားရေကန် တူးဖော်ပြီးစီးမှု စစ်ဆေး


20 May,2024

ကျောက်ပန်းတောင်း မြို့နယ် ဆယ့်နှစ်ရာသီပင် ကျေးရွာ မြေသားရေကန် တူးဖော်ပြီးစီးမှု စစ်ဆေး
ကျောက်ပန်းတောင်း မေ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်တောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာနှစ် တွင် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေ ၁၁ ဒသမ ၅၅ သန်းဖြင့် ဆယ့်နှစ်ရာသီပင် ကျေးရွာ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို  မေလ ၁၉ ရက်‌‌ နေ့ နံနက်ပိုင်းက  တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။           

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊  ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးသက်  ၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာ ရေပေးရေး ကော်မတီဝင်များနှင့်အတူ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ကို   ကွင်းဆင်းစစ်ဆေးပြီး  ညောင်ဦး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း က    မြေသားရေကန် ရေရှည်တည်တံ့စေရေးနှင့် ကျွဲ၊နွားများ ဝင်ရောက်ခြင်းမရှိစေရေး ထိန်းသိမ်း ဆောင်ရွက်သွားကြရန် မှာကြား ခဲ့ကြောင်း သိရသည်။          

          ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ညောင်ဦး မြို့နယ်အတွင်း    ဆယ့်နှစ်ရာသီပင် ကျေးရွာ၌  အလျား ၁၅၀ ပေ၊ အနံ  ၁၄၀ ပေ၊ အနက် ၅ ပေ ရှိ  မြေသားရေကန် တူးဖော်ခြင်း လုပ်ငန်းကို   တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၁ ဒသမ ၅၅ သန်း ဖြင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများက  ယခုနှစ် မေလ ၁၀ ရက်နေ့က  စတင်၍  တာဝန်ယူ‌ ဆောင်ရွက်ခဲ့ရာ ယခုအခါ  လုပ်ငန်း များအားလုံး ဆောင်ရွက်ပြီးစီးနေပြီ  ဖြစ်ကြောင်း ညောင်ဦး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း က ပြောပြ၍   သိရသည်။          

ဇင်မာ
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm