Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖြူးမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကပျှမ်းမျှအစိုတင်း(၁၄၁.၉၆)ဧကထွက်ရှိ


20 May,2024

ဖြူး မေ ၂၀

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌  နွေစပါးအထွက်နှုန်းသိရှိစေရေးအတွက် လူငယ်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်ရှိ ကွင်းအမှတ် ၈၀၂-ခ၊ ဦးပိုင်အမှတ် ၂/၅ စိုက်ဧက(၃.၁၄)ဧကတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော နှံကောက်စပါးမျိုးအား မေလ (၁၅)ရက်နေ့ တာဝန်ရှိသူများ စံကွက်ရိတ်သိမ်းရာ တစ်ဧကပျှမ်းမျှ အစို တင်း(၁၄၁.၉၆)ဧကထွက်ရှိကြောင်း သိရသည်။

ထိုသို့ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ လူငယ်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံ သမဝါယမအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျီးမနိုးကျေးရွာအုပ်စုအတွင်း ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ တောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်