Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက်ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရေးအတွက် QC/WD သင်တန်း(၃/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကျင်းပ


21 May,2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ရေရရှိရေးနှင့် ဆက်စပ်လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရေးအတွက် QC/WD သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၂၀-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရုံးအမှတ်(၃၆-ဘီ)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သု‌တေသနခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး‌စိုးသန်းက ဤသင်တန်းတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများတွင် အဓိကကျသည့် ရေပေးရေးဆိုင်ရာအဆောက်အဦများ၊ ရေစုကန်များ၊ ရေစက်ရုံများ၊ ပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို စစ်ဆေးရာတွင် စနစ်တကျရှိစေရေးနှင့် အလေအလွင့် နည်းပါး စေရေး၊ စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေတင်ပန့်တပ်ဆင်ခြင်းလုပ်ငန်းများအား စစ်ဆေးရာတွင် အရည်အသွေး ပြည့်မီသော လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုစေရေး စစ်ဆေးနိုင်ရန်နှင့် ငွေထုတ်ခွင့်များတင်ပြရာတွင် လုပ်ငန်းပြီးစီးမှုနဲ့ ငွေထုတ်ယူမှုများ စနစ်တကျရှိစေရေး၊ ခန့်မှန်းခြေတွက်ချက်မှုများ အမှားနည်းပါး စေရေးအတွက် ရည်ရွယ်၍ စာတွေ့သင်ကြားခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့မှသာ ရေရရှိရေးလုပ်ငန်းတွေရဲ့ QC/Wark Done များ စစ်ဆေးသတ်မှတ်ရာမှာ စံချိန် စံညွှန်းကိုက်ညီစေရေးနဲ့စနစ်တကျရရှိစေရေး၊ မြေပြင်နဲ့ကိုက်ညီတဲ့လုပ်ငန်းပြီးစီးမှုတွေ ရရှိရန် ရည်ရွယ် ပြီးတော့ ဒီသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း ထို့ကြောင့် သင်တန်းတွင် သင်ကြားပို့ချမှုများကို ဂရုတစိုက်သင်ယူကြရန် အမှာစကားပြောကြားသည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြားသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူ(၂၆)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ(၂၀-၅-၂၀၂၄)ရက်နေ့မှ (၂၄-၅-၂၀၂၄)ရက်နေ့ထိ ( ၅ )ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချ‌ပေးမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm