Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရန်ကုန်တိုင်းဒေသကြီး၊သုံးခွမြိုနယ်၌ နွေရာသီရေရှားပါးသည့် ကျေးရွာအား သောက်သုံးရေများပေးဝေလှူဒါန်း


17 May,2024

သုံးခွ  မေလ ၁၇ ရက်
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီး၊  သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေး ပြတ်လပ်မှု မရှိစေရန်နှင့် ဖူလုံစွာရရှိစေရန် ရည်ရွယ်၍  နွေရာသီရေရှားပါးသည့် ကျေးရွာများအား အချိန်နှင့်တပြေးညီ သောက်သုံးရေများ ဖြန့်‌ ဝေပေးလျက်ရှိရာ   သောက်သုံးရေရှားပါးသည့်   လက်ပန်ကျိုးကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၌ ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ သောက်သုံးရေများ ကွင်းဆင်း ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
 
ထိုသို့ကွင်းဆင်းလှူ ဒါန်းရာတွင် သုံးခွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေ၊ မြို့နယ် ကျေးလက်ဒေသဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချို၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများပူးပေါင်းကာနွေရာသီ‌ ရေရှားပါးသည့် ကျောင်းကုန်းကျေးရွာ ရှိ အိမ်ခြေ(၁၃၃)အိမ်၊ လူဦးရေ(၅၈၈)ဦးတို့အတွက် သောက်သုံးရေအတွက် ၂၀လီတာ ပါရှိသည့် ရေသန့်ဗူးကြီး(၁၀၀)ဗူး၊ သုံးရေအတွက် ရေဂါလံ(၁၆၀၀)ကို  ဖြန့်‌ ဝေ လှူဒါန်းပေးခဲ့ပြီး  
တာဝန်ရှိသူများက  ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ နွေရာသီကာလ ရေလိုအပ်ချက်များ၊ သောက်သုံးရေ ဖူလုံစွာရရှိစေရန် ‌ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဥ်များ ၊ နည်းလမ်းများကို ရှင်းလင်းဆွေးနွေးကာ ကျေးရွာတင်ပြချက်များအပေါ်  လိုအပ်သည်များကို ပေါင်းစပ်ညှိနိူင်း ဆောင်ရွက်ပေးခဲ့သည်။
 
သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်တွင်းရှိ ကျေးရွာများ၌ နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှုရှိပါက ဦးစီးဌာနရုံးသို့ တိုက်ရိုက် ဆက်သွယ်အကူအညီတောင်းနိုင်ပါကြောင်းနှင့် နှစ်စဉ် ‌နွေရာသီ ရေရှားပါးသည့် ကျေးရွာများ စာရင်းကို ပြုစုကာ  သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်းလျက်ရှိပြီး အဆိုပါ ကျေးရွာများ၌ မြေပေါ် ၊‌ မြေအောက် ရေရရှိရေး နည်းလမ်းများကိုလည်း Survey တိုင်းတာပြီး ကျေးလက် ဒေသ ရေရရှိရေးအတွက် လက်တွေ့ ကွင်းဆင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချို ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်