Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တာချီလိတ်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ (ပထမ) အကြိမ် ထုတ်ချေး


17 May,2024

တာချီလိတ် မေလ ၁၇ရက်
==============
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ (ပထမ)အကြိမ် ထုတ်ချေးပေးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ နားယောင်း ကျေးရွာအုပ်စု ၊ ဟွေဝုန်းကျေးရွာ ၌ ကျင်းပခဲ့သည်။
 
ပထမဦးစွာ တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်လဲ့လဲ့သင်း က ဟွေဝုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ မိသားစု ဝင်ငွေတိုး လုပ်ငန်း များတိုးချဲ့လုပ်ကိုင်နိုင်ရန် နှင့် တိုးပွားလာသော ရန်ပုံငွေများဖြင့် ‌ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများထုတ်ချေးပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
 
ဆက်လက်၍ စီမံကိန်းတာဝန်ခံ နှင့်ဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနူန်း နှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေး ရာတွင်လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များ ထံသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
 
ထိုနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ဟွေဝုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မည့် စုစုပေါင်းအသင်းသူ/သား (၁၀)ဦး ကို အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်(၁၀၀)သိန်းအား အတိုးနူန်းသက်သာစွာဖြင့် ပထမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်လဲ့လဲ့သင်း ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm