မုဒုံ၊ မေ ၁၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးအရင်းမပျောက်မတည်ရန်ပုံငွေထုတ်ပေးခြင်းကို မေ ၁၅ ရက်က မြို့နယ်သမဝါယမ အသင်းစုအစည်းအဝေးခန်းမ၌ ထုတ်ပေးခဲ့သည်။
ရှေးဦးစွာ မုဒုံမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီထွန်းက စိုက်ပျိုးရေးလုပ်ငန်း များ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်စေရန်၊ စိုက်ပျိုးရေးကဏ္ဍမှ ကျေးလက်စီးပွားတောင့်တင်း ခိုင်မာလာ စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ထုတ်ပေးရခြင်းဖြစ်ကြောင်းနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အခြေခံသမဝါယမအသင်း (၆)သင်းမှ အသင်းသားများကို မြို့နယ်ဦးစီးအရာရှိနှင့် သမဝါယမအသင်းဥက္ကဋ္ဌတို့က အရင်းအတိုး ငွေကျပ်စုစုပေါင်း (၂၅၄,၁၁၂,၀၀၀) ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်သတင်းဌာနခွဲ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်