Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ် ရေလာကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး


16 May,2024

ချောက်    မေ   ၁၆

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မူလခွင့်ပြုရန်ပုံငွေဖြင့် စွယ်ပေါက္ကံကျေးရွာအုပ်စု၊ ရေလာကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ပါဝါမီတာတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို မေ ၁၅ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်နှင့် တာဝန်ရှိသူများက   ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့် အတူ ရေလာကျေးရွာ၌ အကျယ် လေးလက်မ GI အနက်ပေ ၁၃၀၀ရှိ စက်ရေတွင်းတူးဖော်ခြင်းနှင့် ပါဝါမီတာတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင် ဦးစီးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်၊၊

ရေလာကျေးရွာတွင် အကျယ် လေးလက်မ GI အနက်ပေ ၁၃၀၀ရှိ စက်ရေတွင်း တူးဖော်ခြင်းနှင့် ပါဝါမီတာတပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ မူလခွင့်ပြု ရန်ပုံငွေကျပ် ၆၆ ဒသမ ၀၉သန်းဖြင့် JICA မှ တွင်းတူးစက်အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ကော်မတီစုဖွဲ့ဖြင့် ၂၀၂၄ခုနှစ် ဧပြီလ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇၀ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် ရေလာကျေးရွာရှိ ကျေးလက်နေ ပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေကို ရာသီမရွေး ဖူလုံစွာ ရရှိတော့မည်ဖြစ်ကြောင်း ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်ထံမှ သိရသည်၊၊


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm