Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးသီးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများ ရွေးချယ်ပွဲ အခမ်းအနား ကျင်းပ


16 May,2024

ကျေးသီး မေလ ၁၆ရက်
 
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီး မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာများ ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ အခမ်းအနားတွင် ကျေးသီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင် က ဖွံ့ဖြိုးရေးလုပ်ငန်းကို အမှန်တစ်ကယ် လိုအပ်သည့် ကျေးရွာများ၊ လမ်းပန်းဆက်သွယ်ရေး လွယ်ကူသော ကျေးရွာ၊ စည်းလုံးညီညွတ်သော ကျေးရွာများကို ဦးစားပေး ရွေးချယ်ပေးစေလိုကြောင်းနှင့် သတ်မှတ်ထားသည့် ကျေးရွာရွေးချယ်ရေး စံသတ်မှတ်ချက်များအား ရှင်းလင်းတင်ပြသည်။
 
ထို့နောက် ကျေးရွာရွေးချယ်ပွဲသို့ တက်ရောက်လာကြသော ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၄- ၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် VDPစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသည့် ကျေးရွာ (၁၆)ရွာ ကို အတည်ပြုရွေးချယ်‌ပေးခဲ့ကြကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင် ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm