Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပန်းကြယ်သီးနှင့်စမော့ကင်းထိုးနည်းသင်တန်း ဖွင့်ပွဲကျင်းပ


16 May,2024

မိတ္ထီလာ  မေလ ၁၆ ရက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်စေရန်၊ လူမှုစီးပွားဘဝမြင့်မားလာစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှုလျော့ချစေရန် ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်မှုပညာရပ်များ ကျွမ်းကျင်တတ်မြောက် စေရန်အတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု  ပန်းကြယ်သီးနှင့် စမော့ကင်းသင်တန်းကို မေလ ၁၅ ရက်နေ့ ယနေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းက ဒေသနှင့်ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများပေါများသည့် အသက်မွေးဝမ်းကျောင်းပညာဖြစ်သည့်အတွက် သင်တန်းအား စိတ်ပါ ဝင်စားစွာသင်ယူလေ့လာကြရန်နှင့် သင်တန်းပြီးဆုံးသည့်အခါတွင်လည်း လက်တွေ့ပြန်လည်အသုံးချရန် ၊ ပန်းကြယ်သီး နှင့်စမော့ကင်းထိုးနည်းမှာလည်း စျေးကွက်တစ်ခုရှိသောလုပ်ငန်းဖြစ်သောကြောင့် သင်တန်းသူများအတွက် အကျိုးရှိသော သင်တန်းတစ်ခုဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆုလတ်ထွေးမှ သင်တန်းသူများစနစ် တကျလေ့လာသင်ယူပြီး လက်ရာပိုမိုသေသပ်လာသည်နှင့်အမျှ ပစ္စည်းတန်ဖိုးမှာလည်း တန်ဖိုးမြင့်လာမည်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချသော ဘာသာရပ်များအပြင် ဆက်လက်လေ့လာသင်ယူရင်း မိသားစုစီးပွားရေးတစ်နိုင် တစ်ပိုင်လုပ်ငန်း အဖြစ် အသုံးချဆောင်ရွက်သွားရန် ပြောကြားပါသည်။

ထို့နောက်တက်ရောက်လာကြသော သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြကာ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက  သင်တန်းသူတစ်ဦးချင်းစီအား သင်တန်းသင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ပေးအပ်ပါသည်

အဆိုပါ ပန်းကြယ်သီးနှင့်စမော့ကင်းထိုးနည်းသင်တန်းအား မြစိမ်းရောင်စီမံကိန်းကျေးရွာ(၅)ရွာမှ သင်တန်းသူ(၁၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို အား ယခုလ  ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ (၁၀)ရက်ကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm