ကြို့ပင်ကောက် မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် ငှက်ကြီးသိုက်ကျေးရွာတွင် Mobile Financial Payment စနစ်ဖြင့် စီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ် အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်က မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေ ပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်း များ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခင်က စီမံကိန်း ကျေးရွာများတွင် ရန်ပုံငွေထုတ်ချေးခြင်း၊ အရင်း/ အတိုး ပြန်လည်ပေးဆပ်ခြင်းလုပ်ငန်းစဉ်များကို Manual Cash - based စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါလုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ရွှေ(ကျေးလက်နှင့်မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်(Shwe Bank) နှင့်ပူးပေါင်း၍ MoMoney Digital Wallet ဖြင့် Mobile Financial Payment စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ Shwe Bank တာဝန်ရှိသူများနှင့် ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက MoMoney Wallet ဖြင့် Digital နည်းပညာကို အသုံးပြု၍ Mobile Phone မှတဆင့် ငှက်ကြီးသိုက်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပဉ္စမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၂ ဦး ၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ခြောက်ဦး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၊ စုစုပေါင်း အသင်းသား ၅၉ ဦးအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၄၁၇ သိန်းကို ကျေးရွာသူကျေးရွာသားများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်