Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းတုံခရိုင်၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် တင်ရေး ရုံးလုပ်ထုံးလုပ်နည်း သင်တန်းဖွင့်လှစ်


14 May,2024

မိုင်းတုံခရိုင်၌  ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် တင်ရေး ရုံးလုပ်ထုံးလုပ်နည်း သင်တန်းဖွင့်လှစ်

===============================

 

မိုင်းတုံ မေလ ၁၄ရက်

=======================

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး‌ဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှု အောက်ရှိ ခရိုင်၊မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင် ရေး ရုံးလုပ်ထုံးလုပ်နည်း သင်တန်းဖွင့်ပွဲကို မေလ ၁၃ရက်နေ့ နံနက် ပိုင်းက အဆိုပါ ခရိုင်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ရှေးဦးစွာ မိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင်က  သင်တန်းသူ/သားများအနေဖြင့် သင်တန်းမှသင်ကြားပို့ချပေးသည့် ရုံးလုပ်ထုံးလုပ်နည်းသင်ခန်းစာများ၊ ရုံးစာရေးသားနည်းများကို သေချာလေ့လာသင်ယူပြီး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် အကျိုးရှိအောင်ပြန်လည်အသုံးချ ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။

 

ထိုနောက် သင်တန်းနည်းပြဆရာ/ဆရာမများက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များ၊သင်တန်းတက်ရောက်ရာတွင်လိုက်နာရမည့် စည်းကမ်းများကိုရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသောသင်တန်းသူ၊သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြကာ ခရိုင်ဦးစီးမှုးနှင့်တာဝန်ရှိသူများက သင် ထောက်ကူစာအုပ်များကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။  

 

အဆိုပါဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ရုံးလုပ်ထုံးလုပ်နည်းသင်တန်းသို့ မိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊မြို့နယ်များမှသင်တန်းသား/သူ စုစုပေါင်း(၁၀)ဦးတက်ရောက်ကြပြီး သင်တန်းတွင် ရုံးလုပ်ထုံး လုပ်နည်း ဆိုင်ရာ အခြေခံ အချက်များ၊ နိုင်ငံဝန်ထမ်း နည်းဥပဒေနှင့်ရုံးလုပ်ငန်း လက်စွဲစာအုပ်ပါ သင်ခန်းစာအမျိုးမျိုးကို ကျွမ်းကျင်ဆရာများက မေလ ၁၃ရက်နေ့ မှ မေလ ၁၇ရက်နေ့အထိ(၅)ရက်ကြာ  သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း မိုင်းတုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင် ထံမှသိရသည်။

 

မောင်ခိုင်

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm