ဇလွန် မေလ ၁၄ ရက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Shwe Bank(MoMoney Digital Wallet)နှင့်ပူးပေါင်း၍ ကျေးလက်နေပြည်သူများအနေဖြင့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လက်လှမ်းမီစေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ ဝန်ထုတ်ဝန်ပိုးများအား လျော့ချနိုင်စေ ရန်ရည်ရွယ်၍ Mobile Financial Payment စနစ်အသုံးပြုပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ များ ဒုတိယအကြိမ် ထုတ်ချေးခြင်းကို မေလ ၁၃ရက်နေ့ နံနက်ပိုင်းက မြို့နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက သရက်တင်မြောက်ကျေးရွာအုပ်စု၊ ကျောင်းစု ကျေးရွာ၌ ထုတ်ချေးပေးခဲ့သည်။
ရှေးဦးစွာ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်လင်းထက် က ကျောင်းစုကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင် အသင်းသူ/အသင်းသားများ ၊ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲဝင်များနှင့် တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို Digital Payment စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများကအတိုးနူန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး Shwe Bankမှ တာဝန်ရှိသူများက Digital Paymentစနစ်ဖြင့် ငွေပေးချေနိူင်မည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထိုနောက် မြို့နယ်ဦးစီးမှူး နှင့် ကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲဝင်များက ကျောင်းစုကျေးရွာ၌ Mobile Financial Paymentစနစ်အသုံးပြုပြီး ဒုတိယ အကြိမ်မြောက် စိုက်ပျိုးရေးလုပ်ငန်း(၄၅)ဦး၊ မွေးမြူရေးလုပ်ငန်း(၁၁)ဦး၊ ရေလုပ်ငန်း (၁၀)ဦး၊အရောင်းအဝယ်လုပ်ငန်း(၃)ဦး နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း (၂၀)ဦး စုစုပေါင်းအသင်းသား(၇၉)ဦးအား စီမံကိန်းရန်ပုံငွေ ကျပ် (၃၄၀ သိန်း ကို အသင်းသူ/သားများ၏ တစ်ဦးချင်း လက်ဝယ်အရောက် အတိုးနူန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။
မောင်ခိုင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်