Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဥတ္တရသီရိမြို့နယ်၌ သံဂဟေဆက်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်


15 May,2024

ဥတ္တရသီရိ၊ မေ-၁၅

    နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိ ခရိုင်၊ ဥတ္တရသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဇလောင်း(တ)တောင် ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထော က်အကူပြု ဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်း အနားကို မေလ ၁၄ ရက်နေ့က အဆိုပါကျေး ရွာရှိ စုရပ်ဆောင်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

    ရှေးဦးစွာ ဥတ္တရသီရိမြို့နယ်ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ဇာကြည်မွန်က အသက်မွေးဝမ်း ကျောင်းအထောက်အကူပြုဂဟေဆက်သင် တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် သင်တန်းများဖွင့် လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ကျေးလက်ဒေ သများတွင် ကျွမ်းကျင်လုပ်သားများပေါ် ထွက်လာစေရန်အတွက်သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပေးမည့် သင်ခန်းစာများကို ကြိုးစားသင်ယူစေလိုကြောင်းရှင်းလင်း‌ပြောကြားပြီးနောက်သင် တန်းနည်းပြဆရာက သင်တန်းစည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့ ကြောင်းသိရသည်။

     ဆက်လက်၍ ဇလောင်(တ)ကျေးရွာအုပ် ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးနောက် သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံသို့ပေးအပ်ခဲ့ကြောင်းသိရသည်။

     အဆိုပါသင်တန်းသို့ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာကြည်မွန်နှင့် ဝန် ထမ်းများ၊ ဇလောင်း(တ)ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား ၁၅ ဦးတက်ရောက်ကြောင်း၊ ဂဟေဆက်နှင့် ပတ်သက်၍ ကျွမ်းကျင်နည်းပြဆရာက ကု လားထိုင်၊ စားပွဲ၊ ကုတင်၊ ဖိုင်တင်စင်နှင့် သံ ပန်းတံခါးပြုလုပ်နည်းများကို သင်ထောက်ပစ္စည်းအပြည့်အစုံဖြင့် ယနေ့မှစတင်ပြီး မေ လ ၂၈ ရက်နေ့အထိ ၁၅ ရက်ကြာ စာတွေ့လက်တွေ့နှစ်မျိုးဖြင့် အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ဇာကြည်မွန်က ပြောပြ၍သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်