15 May,2024
ဒက္ခိဏသီရိ မေလ ၁၅ ရက်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု နယ်မြေ၊နေပြည်တော်၊လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ (၁၁)ကြိမ် မြောက်ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများမှ ဒိုးနွယ်ကျေးရွာအုပ်စု၊ ရဲဒိကျေးရွာ၌ ကွင်းဆင်းထုတ်ချေးခဲ့သည်။
ရှေးဦးစွာ ဒက္ခိဏသီရိ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့နိုင် က ရဲဒိကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်း ဝာာဝန်ခံ နှင့် ဝန်ထမ်းများက အတိုးနူန်းနှင့်ကာလ သတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ရဲဒိကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်း အဖွဲ့ဝင်များထံသို့ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် (၅၆၅)သိန်း အား လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုနောက် မြို့နယ်ဦးစီးမှူး နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်း အဖွဲ့ဝင်များက ရဲဒိကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၁၉)ဦး ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၃၂) ဦး နှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၁၉)ဦး စုစုပေါင်းအသင်းသူ/သား(၁၇၀)ဦးကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်(၅၆၅) သိန်းအား အသင်းသူ/သားများ၏ တစ်ဦးခြင်း လက်ဝယ်အရောက် အတိုးနူန်းသက်သာစွာဖြင့် (၁၁)ကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း ဒက္ခိဏသီရိ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့နိုင် ထံမှ သိရသည်။