မိုးကောင်း မေ ၁၀
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းကြိုင်းကျေးရွာရှိ အောင်ဇမ္ဗူစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ရယူ၍ အသင်းသားတောင်သူ ၁၃ ဦး၏ စိုက်ပျိုးမြေပေါ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲဧက ၁၀၀ နှင့် နေကြာဧက ၁၀၀ စိုက်ပျိုးခဲ့ရာ ယခုအခါတွင် မြေပဲတင်း ၇၀၀၀ ကျော်၊ နေကြာတင်း ၁၀၀၀ ကျော် ထွက်ရှိပြီးဖြစ်သည်။ နေကြာတစ်တင်းလျှင် ငွေကျပ် ၃၅၀၀၀၊ မြေပဲ(အခွံမပါ)တစ်တင်းလျှင် ငွေကျပ် ၁၂၈၀၀၀ ဖြင့် ဈေးကောင်းရရှိနေပြီး အသင်းမှထွက်ရှိလာသော ဆီထွက်သီးနှံများအား မြို့နယ်သမဝါယမအသင်းစုမှ ဒေသပေါက်ဈေးဖြင့် ဝယ်ယူသည့်အပြင် တောင်သူများအား တစ်တင်းလျှင် Refund ငွေကျပ် ၂၀၀ ပြန်လည်ပေးသွင်းခဲ့ပြီး သမဝါယမအသင်းစုပိုင်ဆီစက်ဖြင့် ကြိတ်ခွဲ၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသင်းသားပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်