Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင် တန်း(၁/၂၀၂၄) ဖွင့်ပွဲကျင်းပ


13 May,2024

နေပြည်တော် မေ ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း(၁/၂၀၂၄) ဖွင့်ပွဲကျင်းပွဲအခမ်းအနားကို(၁၃-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ရုံးအမှတ် (၃၆-ဘီ)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ကွန်ပျူတာခန်းမ၌ ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။ ထိုနောက် တက်ရောက်လာကြသောသင်တန်းသား/သူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။ အဆိုပါသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ(၃၂)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၁၃-၅-၂၀၂၄)ရက်နေ့မှ (၁၅-၅-၂၀၂၄)ရက်နေ့အထိ ကျင်ပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm