Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်အတွက် လူသုံးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်


13 May,2024

မှော်ဘီ၊ မေ ၁၃

          ဒေသတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းများပေါ်ထွန်းလာစေရန်၊ မိသားစုဝင်ငွေတိုးပွား လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းအမှတ်စဉ်(၂/၂၀၂၄-၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် တာဝန်ရှိသူများ၊ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြရာ မှော်ဘီမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး မှော်ဘီ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားခဲ့ပါသည်။

          ယခုဖွင့်လှစ်သော လူသုံးထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်း လျှော်ရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ လက်သန့်ဆေးရည်အမျိုးမျိုး၊ ဓာတုပစ္စည်းများနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ Packagingနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ GMP၊GHP အကြောင်းအရာများ၊ စီးပွားရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့်သိကောင်းစရာများ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန် အမှတ်တံဆိပ်တွင်ဖော်ပြရမည့် အချက်အလက်များအကြောင်း စသည့်ဘာသာရပ်များကို(၁၃-၅-၂၀၂၄) ရက်နေ့မှ (၁၇-၅-၂၀၂၄) ရက်နေ့အထိ (၅)ရက်ကြာ သင်တန်းသား(၂၀)ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်