မုံရွာ မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ ပြည်သူ့အငှားအိမ်ရာတွင် မြတ်စေတနာ (မြို့သစ်)ငွေစုငွေချေးသမဝါယမအသင်းလီမိတက်(အသင်းသစ်)အား အသင်းသား ၇၄ ဦးဖြင့် ဖွဲ့စည်းခြင်းနှင့် ပံ့ပိုးငွေများပေးအပ်ပွဲအခမ်းအနားကို ပြည်သူ့အငှားအိမ်ရာဝင်းအတွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြတ်စေတနာ(မြို့သစ်)ငွေစုငွေချေးသမဝါယမအသင်းလီမိတက် (အသင်းသစ်) ဖွဲ့စည်းပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်းက ဝန်ထမ်းအိမ်ရာနှင့်ပတ်သက်သည်များ ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်က သမဝါယမအသင်းသစ် ဖွဲ့စည်း ခြင်း၊ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အငြိမ်းစား ဝန်ထမ်းအသင်းသား၊ အသင်းသူများ၏ ငွေစုငွေချေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ပံ့ပိုးငွေကျပ် ၂၆၈ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်