မြစ်ကြီးနား မေ ၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ကြာရာပတ္တီး (A) ရပ်ကွက်ရှိ ဧဒင်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို AG ဘုရားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အသင်းသား အသင်းသူ စုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် အသင်းမှ အစုပေါ်အမြတ်ငွေကျပ် ၂၉၇၅၀၀၀ ၊ စုဆောင်း ငွေပေါ်အတိုးငွေကျပ် ၉၂၄၉၀၀၀ ၊ တက်ရောက်လာသည့် အသင်းသား အသင်းသူ ၁၅၀ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၇၅၀၀ နှုန်းဖြင့် ငွေကျပ် ၁၁၂၅၀၀၀ ၊ စုစုပေါင်းငွေကျပ် ၁၃၃၄၉၀၀၀ ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်