ထားဝယ် မေ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂ဝ၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်း အဝေးကို မေ ၃ ရက်နေ့က တိုင်းဒေသကြီးသမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် ဒေါ်သန်းလဲ့က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေက မိတ်ဆက် စကားပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်၏ လုပ်ငန်းအစီရင်ခံစာအား လည်းကောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းအားလည်းကောင်း ဖတ်ကြား ခဲ့ကြပြီး ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းအား အတည်ပြုချက် ရယူကာ အသင်းသူ/အသင်းသားများ၏ အကြံပြုချက်ရယူသည်။ ဆက်လက်၍ သဘာပတိက စုဆောင်းငွေအများဆုံးဆုကိုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်