တောင်တွင်းကြီး၊မေ ၁၀
မကွေးတိုင်းဒေသကြီး ၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က တောင်တွင်းကြီးမြို့နယ် သီလကျေးရွာအုပ်စု၊သီလကျေးရွာ၌အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကိုမေလ ၉ရက်နံနက်ပိုင်းက အဆိုပါကျေးရွာ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးနှင့်တောင်တွင်းကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးကျော်ဇင်ဦး တို့က သင်တန်းဖွင့်အမှာစကားပြောကြားပြီး တောင်တွင်းကြီးမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် က ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းနှင့် တဖက်တလမ်းမှ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ၊သင်တန်းမှ ရရှိလာမည့် အသိပညာများကိုလည်း သင်တန်းသူများက အကျိုးရှိရှိအသုံးချစေလိုကြောင်း၊သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ လက် တွေ့နယ်ပယ်တွင် အသုံးချနိုင်သည်ထိ သင်ယူကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမ က သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာ ရပ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသောသင်တန်းသူများကတစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။အဆိုပါ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲသို့သီလကျေးရွာနှင့်အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူဦးရေ ၂၅ဦးတက်ရောက်ခဲ့ကြပြီးသင်တန်းကို မေလ ၉ရက်နေ့မှ ဇွန်လ ၇ရက်နေ့ထိ(၉.၅.၂၀၂၄)ရက်နေ့မှ (၇.၆.၂၀၂၄)ရက်နေ့ထိသင်တန်းကာလ (၁)လကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန် က ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်