လှည်းကူး ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန၏ ကြီးကြပ်မှုအစီအစဉ်ဖြင့် ရွှေမေသမဝါယမအသင်းနှင့် အကျိုးတူပူးပေါင်း စိုက်ပျိုး ထားသည့် အထွက်တိုးမျိုးစပါး(GW-11မျိုး) ရိတ်သိမ်းနေမှုအခြေအနေများအား တာဝန်ရှိသူများ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ခရောင်ကျေးရွာရှိ တောင်သူ ဦးသက်နိုင်၏ လယ်သို့ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေသူမြင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေနှင့် ဝန်ထမ်းများတို့က ခရောင်ကျေးရွာရှိ အထွက်တိုးမျိုးစပါး (GW-11မျိုး) စိုက်ပျိုးထားသည့် စပါးခင်းများ ရိတ်သိမ်းနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တစ်ဧကလျှင် စပါးအစိုအထွက်နှုန်း (၁၅၀) တင်း ထွက်ရှိကြောင်း သိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်