နေပြည်တော် ဧပြီ ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသများ၊ ကျောင်းများနှင့် ဆေးရုံဆေးပေးခန်းများ၊ ရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်(၂၀၁၆-၂၀၃၀)၏ ရေရရှိရေးကဏ္ဍအား ပြန်လည်ဆန်းစစ်ပြီး ၂၀၃၀ပြည့်နှစ် မျှော်မှန်းချက်ဖြစ်သော လူသားအားလုံး သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေလုံလောက်မျှတစွာ ရရှိစေရေးဆောင်ရွက်ရမည့် အစီအမံ များအား ပြုစုတင်ပြနိုင်ရန် ရည်ရွယ်၍ ပြုလုပ်သည့် မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ပါ ကျေးလက်ရေရရှိရေးကဏ္ဍအား ပြန်လည်ဆန်းစစ်သုံးသပ် ရရှိသည့်ရလဒ်များကိုရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို(၂၉-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ရုံးအမှတ်(၃၆-ဘီ)၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သုတေသနခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက ကျေးလက်ရေရရှိရေး ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူး ဦးစိုးမောင်က ကျေးလက်ရေရရှိရေးကဏ္ဍ ဆန်းစစ်သုံးသပ်ရရှိသည့် ရလဒ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ အကြုံပြုဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၄၆ )ဦးတို့ တက်ရောက် ကြကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်