ဝမ်းတွင်း ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရေးအတွက် “သွင်းအားစု”များ ထုတ်ပေးခြင်း အခမ်းအနားကို ဧပြီလ(၁၂)ရက်နေ့က အင်းခမ်းကြီးကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ် အင်းခမ်းကြီးကျေးရွာ လယ်/ထွေသမဝါယမအသင်းမှနွေစပါးစိုက်ပျိုးရေး စီမံကိန်းအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှရရှိသောချေးငွေများဖြင့် အသင်းသားတောင်သူ များကို သွင်းအားစုများဖြစ်သည့် မြေသြဇာနှင့် မျိုးစပါးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နွေစပါးစိုက်ပျိုးရေးအတွက်“သွင်းအားစု”များထုတ်ပေးခြင်း အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌတို့ တက်ရောက် ခဲ့ကာ “သွင်းအားစု မြေသြဇာနှင့် မျိုးစပါး”များအား တောင်သူတစ်ဦးချင်းဆီ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်